19. ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။
20-21. ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။
22. ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင် “သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။
23. ထို့နောက် ယေရှုသည် ထိုအကြီးအကဲ၏အိမ်သို့ရောက်တော်မူ၍ ပလွေမှုတ်သူများနှင့် ရုတ်ရုတ်သဲသဲဖြစ်နေသောလူအစုအဝေးတို့ကိုမြင်လျှင်
24. “ဖယ်ကြလော့။ မိန်းကလေးသေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
25. သို့သော် ကိုယ်တော်သည် လူအစုအဝေးတို့ကို အပြင်သို့ထွက်စေပြီးနောက် အထဲသို့ဝင်၍ မိန်းကလေး၏လက်ကိုကိုင်တော်မူရာ မိန်းကလေးသည်ထလေ၏။