ရှင်​မဿဲ​ခ​ရစ်​ဝင် 5:29-32 Myanmar Standard Bible (MSB)

29. သင်​၏​လက်​ယာ​မျက်​စိ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​ထဲ​သို့​ပစ်​ချ​ခြင်း​မ​ခံ​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

30. သင်​၏​လက်​ယာ​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်​ပစ်​လော့။ အ​ကြောင်း​မူ​ကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံး​ရှုံး​သွား​သော်​လည်း သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး င​ရဲ​သို့​မ​လား​ရ​ပါ​က သင့်​အ​တွက် သာ​၍​ကောင်း​၏။

31. ‘မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​သည် ထို​မ​ယား​အား ဖြတ်​စာ​ကို​ပေး​စေ’​ဟု​လည်း ပြော​ထား​၏။

32. သို့​သော် သင်​တို့​အား ငါ​ဆို​သည်​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​ကြောင်း​မှ​လွဲ​၍ မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​သော​သူ​တိုင်း​သည် ထို​မ​ယား​အား အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​စေ​၏။ ကွာ​ရှင်း​ထား​သော​မိန်း​မ​နှင့် ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည်​လည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို ကျူး​လွန်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 5