ရှင်​မဿဲ​ခ​ရစ်​ဝင် 27:20-26 Myanmar Standard Bible (MSB)

20. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် လူ​ထု​ပ​ရိ​သတ်​အား ဗာ​ရဗ္ဗ​ကို​တောင်း​၍ ယေ​ရှု​ကို​မူ​ကား အ​ဆုံး​စီ​ရင်​စေ​ရန် စည်း​ရုံး​ကြ​၏။

21. တစ်​ဖန် ဘု​ရင်​ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း”​ဟု မေး​သော​အ​ခါ သူ​တို့​က “ဗာ​ရဗ္ဗ”​ဟု ဆို​ကြ​၏။

22. ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အား​လုံး​က “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။

23. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း”​ဟု ပြန်​မေး​သော်​လည်း သူ​တို့​က “သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

24. ထို​အ​ခါ ပိ​လတ်​မင်း​သည် မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ရုန်း​ရင်း​ဆန်​ခတ်​သာ​ဖြစ်​လာ​သည်​ကို​မြင်​၍ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်း​ရှင်း​၏။ သင်​တို့​အ​မှု​ကို သင်​တို့​ဖြေ​ရှင်း​ရ​မည်”​ဟု ဆို​၏။

25. လူ​အ​ပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သား​သ​မီး​များ​အ​ပေါ် ကျ​ရောက်​ပါ​စေ”​ဟု ပြန်​ပြော​ကြ​၏။

26. ထို​အ​ခါ ပိ​လတ်​မင်း​သည် သူ​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေ​ရှု​ကို​မူ​ကား ကျာ​ပွတ်​ဖြင့်​ရိုက်​နှက်​စေ​ပြီး​နောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ရန် အပ်​နှံ​လိုက်​လေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27