ရှင်​မဿဲ​ခ​ရစ်​ဝင် 27:18-22 Myanmar Standard Bible (MSB)

18. ထို​သို့​မေး​ခြင်း​မှာ သူ​တို့​သည် မ​လို​မုန်း​ထား​စိတ်​ဖြင့် ယေ​ရှု​ကို​အပ်​နှံ​ကြ​ကြောင်း ပိ​လတ်​မင်း​သိ​သော​ကြောင့်​ဖြစ်​၏။

19. ပိ​လတ်​မင်း​သည် တ​ရား​ပလ္လင်​ပေါ်​၌ ထိုင်​နေ​စဉ် သူ​၏​ဇ​နီး​သည်​သည် သူ့​ထံ​သို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်​မတ်​သော​သူ​နှင့် မည်​သို့​မျှ မ​ပတ်​သက်​စေ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား ထို​သူ​ကြောင့် ယ​နေ့ ကျွန်​မ​သည် အိပ်​မက်​ထဲ​၌ စိတ်​ဒုက္ခ​များ​စွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။

20. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် လူ​ထု​ပ​ရိ​သတ်​အား ဗာ​ရဗ္ဗ​ကို​တောင်း​၍ ယေ​ရှု​ကို​မူ​ကား အ​ဆုံး​စီ​ရင်​စေ​ရန် စည်း​ရုံး​ကြ​၏။

21. တစ်​ဖန် ဘု​ရင်​ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အ​တွက် မည်​သူ့​ကို​လွှတ်​ပေး​စေ​လို​သ​နည်း”​ဟု မေး​သော​အ​ခါ သူ​တို့​က “ဗာ​ရဗ္ဗ”​ဟု ဆို​ကြ​၏။

22. ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် ခ​ရစ်​တော်​ဟု​ခေါ်​သော​ယေ​ရှု​ကို မည်​သို့​ပြု​ရ​မည်​နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အား​လုံး​က “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 27