13. သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
14. ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
15. “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။