ရှင်​မဿဲ​ခ​ရစ်​ဝင် 23:24-33 Myanmar Standard Bible (MSB)

24. မျက်​စိ​မ​မြင်​သော​လမ်း​ပြ​တို့၊ သင်​တို့​သည် မှက်​ကောင်​ကို​စစ်​ထုတ်​ကြ​သော်​လည်း ကု​လား​အုပ်​ကို​မူ​ကား မျို​ချ​ကြ​၏။

25. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ခွက်​နှင့်​ပန်း​ကန်​တို့​၏​အ​ပြင်​ဘက်​ကို စင်​ကြယ်​စေ​ကြ​သော်​လည်း အ​တွင်း​၌​ကား မ​တ​ရား​လု​ယူ​ခြင်း​နှင့် ကိုယ့်​အ​လို​သို့​လိုက်​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

26. မျက်​စိ​မ​မြင်​သော​ဖာ​ရိ​ရှဲ​တို့၊ ခွက်​၏​အ​တွင်း​ဘက်​ကို ဦး​စွာ​စင်​ကြယ်​စေ​ကြ​လော့။ ထို​သို့​ပြု​လျှင် ၎င်း​၏​အ​ပြင်​ဘက်​လည်း စင်​ကြယ်​လာ​လိမ့်​မည်။

27. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ထုံး​ဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အ​ပြင်​ဘက်​၌ တင့်​တယ်​စွာ​ထင်​ရှား​သော်​လည်း အ​တွင်း​၌​ကား လူ​သေ​တို့​၏​အ​ရိုး​များ​နှင့် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

28. ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြင်​ဘက်​၌ လူ​တို့​ရှေ့​တွင် ဖြောင့်​မတ်​ဟန်​ရှိ​ကြ​သော်​လည်း အ​တွင်း​၌​ကား သူ​တော်​ကောင်း​ယောင်​ဆောင်​ခြင်း​နှင့် တ​ရား​မဲ့​ခြင်း​တို့​ဖြင့် ပြည့်​နှက်​လျက်​ရှိ​ကြ​၏။

29. သူ​တော်​ကောင်း​ယောင်​ဆောင်​သော ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ပ​ရော​ဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်​ဆောက်​၍ ဖြောင့်​မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်​ဆာ​ဆင်​ကာ

30. ‘ငါ​တို့​သည် ငါ​တို့​၏​ဘိုး​ဘေး​များ​လက်​ထက်​၌​ရှိ​ခဲ့​လျှင် ပ​ရော​ဖက်​တို့​ကို သွေး​မြေ​ကျ​စေ​သော​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။

31. ဤ​သို့​ဖြင့် သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင်​သက်​သေ​ခံ​ကြ​၏။

32. သင်​တို့​သည်​လည်း သင်​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​ပ​မာ​ဏ​ကို​ပြည့်​အောင် ဖြည့်​စွက်​ကြ​လော့။

33. အ​ချင်း​မြွေ​တို့၊ မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် င​ရဲ​၌​အ​ပြစ်​စီ​ရင်​ခံ​ရ​ခြင်း​မှ မည်​ကဲ့​သို့​လွတ်​မြောက်​နိုင်​ကြ​မည်​နည်း။

ရှင်​မဿဲ​ခ​ရစ်​ဝင် 23