ရှင်​မဿဲ​ခ​ရစ်​ဝင် 22:11-16 Myanmar Standard Bible (MSB)

11. ဘု​ရင်​သည် ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ ထို​နေ​ရာ​၌ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ​မ​ဝတ်​ထား​သော​လူ​တစ်​ယောက်​ကို မြင်​လျှင်

12. ‘အ​ဆွေ၊ သင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ​ကို​မ​ဝတ်​ဘဲ မည်​ကဲ့​သို့ ဤ​နေ​ရာ​သို့​ဝင်​လာ​သ​နည်း’​ဟု ထို​သူ​အား မေး​တော်​မူ​၏။ သို့​သော် သူ​သည် နှုတ်​ဆိတ်​လျက်​နေ​လေ​၏။

13. ထို​အ​ခါ ဘု​ရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်​နှောင်​၍ သူ့​ကို အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​၏။

14. အ​ကြောင်း​မူ​ကား ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် များ​စွာ​ရှိ​ကြ​သော်​လည်း ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

15. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​၍ ကိုယ်​တော်​ကို နှုတ်​တော်​ထွက်​စ​ကား​ဖြင့် အ​ကွက်​ဆင်​ဖမ်း​နိုင်​ရန် တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

16. ထို့​နောက် သူ​တို့​၏​တ​ပည့်​များ​ကို ဟေ​ရုဒ်​၏​လူ​များ​နှင့်​အ​တူ အ​ထံ​တော်​သို့​စေ​လွှတ်​ကာ “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ သွန်​သင်​ကြောင်း​ကို​လည်း​ကောင်း၊ လူ့​မျက်​နှာ​ကို​မ​ထောက်​သော​ကြောင့် မည်​သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 22