7. ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။
8. ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
9. ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
10. ပထမဦးဆုံးငှားထားသောသူတို့သည်လည်း လာကြကာ မိမိတို့ပို၍ရလိမ့်မည်ဟု ထင်ကြ၏။ သို့သော် သူတို့သည်လည်း ဒေနာရိတစ်ပြားစီရကြ၏။
11. ထိုငွေကိုရရှိကြသောအခါ သူတို့က
12. ‘နောက်ဆုံးလာသော ဤသူတို့သည် တစ်နာရီမျှသာ အလုပ်လုပ်ခဲ့ကြသော်လည်း အရှင်သည် တစ်နေကုန် နေပူထဲတွင်အပင်ပန်းခံရသည့်အကျွန်ုပ်တို့နှင့် တန်းတူဖြစ်စေပါသည်တကား’ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
13. သို့သော် ခြံပိုင်ရှင်က ထိုသူတို့အထဲမှတစ်ယောက်အား ‘အဆွေ၊ ငါသည် သင့်အပေါ်မတရားပြုသည်မဟုတ်။ သင်သည် ငါနှင့် ဒေနာရိတစ်ပြားနှုန်းဖြင့် သဘောတူသည်မဟုတ်လော။
14. သင်၏လုပ်အားခကို ယူ၍သွားလော့။ သင့်ကို ငါပေးသကဲ့သို့ နောက်ဆုံးလာသော ဤသူကိုလည်း ငါပေးလို၏။