5. သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
6. ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
7. ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့ကို တိတ်တဆိတ်ခေါ်၍ ကြယ်ပေါ်ထွန်းသည့်အချိန်ကာလကို သူတို့ထံမှ သေချာစွာလေ့လာစိစစ်ပြီးမှ
8. “သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။