ရှင်​မဿဲ​ခ​ရစ်​ဝင် 2:1-2 Myanmar Standard Bible (MSB)

1. ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်​တွင် ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​၌ ယေ​ရှု​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​နောက် အ​ရှေ့​ပြည်​မှ နက္ခတ်​ပ​ညာ​ရှင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ရောက်​လာ​ကြ​၍

2. “ဖွား​မြင်​တော်​မူ​သော ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သ​ဖြင့် သူ့​ကို​ရှိ​ခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေး​မြန်း​ပြော​ဆို​ကြ​၏။

16-17. ထို့​နောက် ဟေ​ရုဒ်​မင်း​ကြီး​သည် နက္ခတ်​ပ​ညာ​ရှင်​တို့​၏​မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​ရ​ကြောင်း​သိ​လျှင် အ​မျက်​ပြင်း​ထန်​စွာ​ထွက်​၍ နက္ခတ်​ပ​ညာ​ရှင်​တို့​ထံ​မှ သေ​ချာ​စွာ​လေ့​လာ​စိ​စစ်​ထား​သည့်​အ​ချိန်​ကာ​လ​အ​ရ ဗက်​လင်​မြို့​နှင့် ၎င်း​အ​ရပ်​ဒေ​သ​တစ်​ဝိုက်​တွင်​ရှိ​သော အ​သက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျား​လေး​အား​လုံး​တို့​ကို သတ်​စေ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 2