ရှင်​မဿဲ​ခ​ရစ်​ဝင် 12:31-35 Myanmar Standard Bible (MSB)

31. ထို့​ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ခြင်း​နှင့် အ​ပြစ်​ဟူ​သ​မျှ​တို့​အ​တွက် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း ဝိ​ညာဉ်​တော်​ကို စော်​ကား​ပြော​ဆို​ခြင်း​အ​တွက်​မူ​ကား ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32. လူ့​သား​အ​ပေါ် ဆန့်​ကျင်​သည့်​စ​ကား​ကို​ပြော​ဆို​သော​သူ​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ဆန့်​ကျင်​ပြော​ဆို​သော​သူ​သည် ယ​ခု​ဘ​ဝ​၌​ဖြစ်​စေ၊ နောင်​ဘ​ဝ​၌​ဖြစ်​စေ ခွင့်​လွှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

33. အ​ပင်​ကို အ​သီး​အား​ဖြင့် သိ​ရ​သည်​ဖြစ်​၍ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု​မှတ်​ယူ​ကြ​လော့။ သို့​မ​ဟုတ် အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု မှတ်​ယူ​ကြ​လော့။

34. မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် မ​ကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အ​ရာ​ကို မည်​သို့​ပြော​ဆို​နိုင်​မည်​နည်း။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​ကို နှုတ်​က​ပြော​ဆို​တတ်​၏။

35. ကောင်း​သော​သူ​သည် ကောင်း​သော​အ​ရာ​များ​ကို ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။ မ​ကောင်း​သော​သူ​သည်​လည်း မ​ကောင်း​သော​အ​ရာ​များ​ကို မ​ကောင်း​သော​ဘဏ္ဍာ​တိုက်​ထဲ​မှ ထုတ်​ဖော်​တတ်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 12