ရှင်​မာ​ကု​ခ​ရစ်​ဝင် 8:13-17 Myanmar Standard Bible (MSB)

13. သူ​တို့​ကို​ထား​ခဲ့​၍ တစ်​ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်​ဖက်​ကမ်း​သို့​ကူး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ဆောင်​လာ​ရန် မေ့​လျော့​ကြ​သ​ဖြင့် လှေ​ပေါ်​တွင် သူ​တို့​၌​မုန့်​တစ်​လုံး​တည်း​သာ​ရှိ​၏။

15. ထို​အ​ခါ ကိုယ်​တော်​က “ဖာ​ရိ​ရှဲ​တို့​၏​တ​ဆေး​နှင့် ဟေ​ရုဒ်​၏​တ​ဆေး​တို့​ကို အ​ထူး​သ​တိ​ပြု​ကြ​လော့”​ဟု မိန့်​မှာ​တော်​မူ​၏။

16. တ​ပည့်​တော်​တို့​က​လည်း မိ​မိ​တို့​၌ မုန့်​မ​ပါ​သော​ကြောင့်​ဖြစ်​သည်​ဟု အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​၏။

17. ထို​သို့​ပြော​ဆို​ကြ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ​လျှင် “သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အ​ဘယ်​ကြောင့်​အ​ချေ​အ​တင်​ပြော​ဆို​ကြ​သ​နည်း။ သင်​တို့​သ​ဘော​မ​ပေါက်​နား​မ​လည်​ကြ​သေး​သ​လော။ သင်​တို့​စိတ်​နှ​လုံး​သည် မာ​ကျော​လျက်​ရှိ​နေ​သေး​သ​လော။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 8