ရှင်​မာ​ကု​ခ​ရစ်​ဝင် 7:33-36 Myanmar Standard Bible (MSB)

33. ကိုယ်​တော်​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​ခေါ်​သွား​၍ လက်​ညှိုး​တော်​တို့​ကို သူ​၏​နား​နှစ်​ဖက်​ထဲ​သို့ သွင်း​တော်​မူ​၏။ တစ်​ဖန် တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို တံ​တွေး​ဖြင့်​တို့​တော်​မူ​၏။

34. ထို့​နောက် မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် သက်​ပြင်း​ချ​ကာ “ဧ​ဖ​သ”​ဟု မိန့်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “ပွင့်​စေ”​ဟူ​၍ ဖြစ်​၏။

35. ထို​ခ​ဏ​ချင်း​တွင် သူ​၏​နား​သည်​ပွင့်​၍ သူ​၏​လျှာ​ကြော​ပြေ​လျော့​ကာ သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​၏။

36. ကိုယ်​တော်​သည် ဤ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်​မှာ​တော်​မူ​၏။ သို့​သော် သူ​တို့​ကို ထို​သို့​မိန့်​မှာ​တော်​မူ​လေ သူ​တို့​သည် ပို​၍​ပြော​လေ​ဖြစ်​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 7