ရှင်​မာ​ကု​ခ​ရစ်​ဝင် 6:12-18 Myanmar Standard Bible (MSB)

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ လူ​တို့​နောင်​တ​ရ​ကြ​မည့်​အ​ကြောင်း ဟော​ပြော​ကြ​၏။

13. သူ​တို့​သည် များ​စွာ​သော​နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကာ မ​ကျန်း​မာ​သော​သူ​များ​စွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်း​မာ​စေ​ကြ​၏။

14. ကိုယ်​တော်​၏​နာ​မ​တော်​သည် ထင်​ပေါ်​ကျော်​ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အ​ချို့​တို့​က “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ။ ထို့​ကြောင့် သူ​၌ တန်​ခိုး​လက္ခ​ဏာ​များ​ထင်​ရှား​နေ​၏”​ဟု ဆို​ကြ​၏။

15. အ​ချို့​တို့​က​လည်း “သူ​သည် ဧ​လိ​ယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​များ​တစ်​ပါး​ပါး​ကဲ့​သို့​သော​ပ​ရော​ဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။

16. ဟေ​ရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်း​ဖြတ်​ကွပ်​မျက်​ခဲ့​သော​ယော​ဟန်​သည် ထ​မြောက်​လေ​ပြီ”​ဟု ဆို​၏။

17. ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဟေ​ရုဒ်​သည် မိ​မိ​အစ်​ကို ဖိ​လိပ္ပု​၏​ဇ​နီး ဟေ​ရော​ဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်​တိုင်​လူ​လွှတ်​၍ ယော​ဟန်​ကို​ဖမ်း​ဆီး​ကာ ထောင်​ထဲ​၌ ချုပ်​နှောင်​ထား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဟေ​ရုဒ်​သည် ထို​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သ​ဖြင့်

18. ယော​ဟန်​က “သင်​သည် အစ်​ကို​၏​ဇ​နီး​ကို​သိမ်း​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 6