ရှင်​မာ​ကု​ခ​ရစ်​ဝင် 5:15-21 Myanmar Standard Bible (MSB)

15. ယေ​ရှု​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လေ​ဂေါင်​စွဲ​ခဲ့​သည့် နတ်​ဆိုး​ပူး​သူ​သည် အ​ဝတ်​ဝတ်​ထား​ကာ ပ​က​တိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့​မြင်​လျှင် ကြောက်​ရွံ့​ကြ​၏။

16. မျက်​မြင်​တွေ့​ရှိ​သူ​များ​က​လည်း နတ်​ဆိုး​ပူး​သူ​၌ မည်​ကဲ့​သို့​ဖြစ်​ပျက်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဝက်​တို့​အ​ကြောင်း​ကို​လည်း​ကောင်း သူ​တို့​အား​ပြော​ပြ​ကြ​၏။

17. ထို​အ​ခါ သူ​တို့​သည် မိ​မိ​တို့​၏​အ​ရပ်​ဒေ​သ​မှ ထွက်​သွား​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​၏။

18. ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​ဆိုး​ပူး​ခဲ့​သူ​က ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ခွင့်​ပြု​ပါ​မည့်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်​လေ​၏။

19. သို့​သော် ကိုယ်​တော်​သည် ခွင့်​ပြု​တော်​မ​မူ​ဘဲ “သင့်​အိမ်၊ သင့်​မိ​သား​စု​ထံ​သို့​သွား​၍ သင့်​အ​ပေါ် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​မျှ​သော​အ​ရာ​နှင့် သင့်​ကို​သ​နား​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ပြော​ပြ​လော့”​ဟု မိန့်​တော်​မူ​၏။

20. ထို​အ​ခါ သူ​သည်​ထွက်​သွား​၍ မိ​မိ​အ​ပေါ်​ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို ဒေ​ကာ​ပေါ​လိ​နယ်​၌​ပြော​ကြား​သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။

21. ထို့​နောက် ယေ​ရှု​သည် လှေ​ဖြင့် တစ်​ဖက်​ကမ်း​သို့ ပြန်​၍​ကူး​တော်​မူ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​၏။ ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​နေ​တော်​မူ​စဉ်

ရှင်​မာ​ကု​ခ​ရစ်​ဝင် 5