14. ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြသဖြင့် လူတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုကြည့်ရှုရန် ထွက်လာကြ၏။
15. ယေရှုထံသို့ရောက်လာကြသောအခါ လေဂေါင်စွဲခဲ့သည့် နတ်ဆိုးပူးသူသည် အဝတ်ဝတ်ထားကာ ပကတိစိတ်ရှိလျက်ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။
16. မျက်မြင်တွေ့ရှိသူများကလည်း နတ်ဆိုးပူးသူ၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း၊ ဝက်တို့အကြောင်းကိုလည်းကောင်း သူတို့အားပြောပြကြ၏။
17. ထိုအခါ သူတို့သည် မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။