ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:1-3 Myanmar Standard Bible (MSB)

1. ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​နား​တွင် တစ်​ဖန်​သွန်​သင်​တော်​မူ​ရာ အ​လွန်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​သည် အ​ထံ​တော်​သို့​စု​ဝေး​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ပင်​လယ်​ကမ်း​စပ်​ရှိ​လှေ​ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​မူ​ကား ပင်​လယ်​ကမ်း​ပေါ်​တွင်​ရှိ​နေ​ကြ​၏။

2. ထို​အ​ခါ ကိုယ်​တော်​သည် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​တို့​ဖြင့် သူ​တို့​အား သွန်​သင်​တော်​မူ​၏။ ထို​သို့​သွန်​သင်​ရာ​တွင် ကိုယ်​တော်​က

3. “နား​ထောင်​ကြ​လော့။ မျိုး​ကြဲ​သော​သူ​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​လေ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4