ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:32-35 Myanmar Standard Bible (MSB)

32. ငါ​တို့​တွေ့​မြင်​၍ ယုံ​ကြည်​နိုင်​ရန် အစ္စ​ရေး​ဘု​ရင်​ဖြစ်​သော​ခ​ရစ်​တော်​သည် ယ​ခု​ပင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ ဆင်း​လာ​ပါ​စေ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ကိုယ်​တော်​ကို​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

33. မွန်း​တည့်​ချိန်​ရောက်​သော​အ​ခါ မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လာ​၍ မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် ထို​သို့​ဖြစ်​လေ​၏။

34. မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​တွင် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗ​ခ​သာ​နိ”​ဟု အော်​ဟစ်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့်​စွန့်​ပစ်​တော်​မူ​သ​နည်း”​ဟူ​၍​ဖြစ်​၏။

35. အ​နီး​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15