9. သင်တို့ကိုယ်တိုင်လည်း သတိပြုကြလော့။ လူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံကြလိမ့်မည်။ သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ ရိုက်နှက်ခြင်းခံရကြပြီး ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့၌ရပ်လျက် သူတို့ထံ ငါ့အတွက်သက်သေဖြစ်ကြလိမ့်မည်။
10. ကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့အား ဦးစွာဟောပြောရကြမည်။
11. လူတို့သည် သင်တို့ကိုခေါ်ဆောင်သွား၍ အပ်နှံကြသောအခါ မည်သည့်အရာကိုပြောဆိုရမည်နည်းဟူ၍ ကြိုတင်စိုးရိမ်ခြင်းမရှိဘဲ ထိုအချိန်နာရီ၌ သင်တို့အား ဖော်ပြတော်မူသောအရာကိုသာ ပြောဆိုကြလော့။ အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့ကိုယ်တိုင်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်၏။
12. ညီအစ်ကိုချင်း တစ်ဦးက တစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကို ဆန့်ကျင်ပုန်ကန်၍ သူတို့ကိုသေစေရန်ပြုကြလိမ့်မည်။
13. လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။