17. ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
18. ထိုနေ့ရက်တို့သည် ဆောင်းရာသီ၌ မကျရောက်စေရန် ဆုတောင်းကြလော့။
19. အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသည့် ဖန်ဆင်းခံလောက၏အစအဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ကျရောက်လိမ့်မည်။
20. ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
21. ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။
22. အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
23. သို့ဖြစ်၍ သင်တို့သည် သတိပြုကြလော့။ အရာခပ်သိမ်းတို့ကို သင်တို့အား ငါကြိုတင်ပြောထားပြီ။
24. သို့သော် ထိုနေ့ရက်တို့၌ ထိုဆင်းရဲဒုက္ခကျရောက်ပြီးနောက် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကို မပေးဘဲနေလိမ့်မည်။