28. ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။
29. ယေရှုက “ပထမပညတ်ချက်မှာ ‘အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။
30. သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အသိဉာဏ်ရှိသမျှနှင့် သင်၏အစွမ်းသတ္တိရှိသမျှတို့ဖြင့် ချစ်ရမည်’ဟူ၍ ဖြစ်၏။
31. ဒုတိယပညတ်ချက်မှာ ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။ ဤပညတ်ချက်နှစ်ပါးထက်ကြီးမြတ်သော အခြားပညတ်မရှိ”ဟု ဖြေကြားတော်မူ၏။