ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:15-20 Myanmar Standard Bible (MSB)

15. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။ ငါ​ကြည့်​ရန်​အ​တွက် ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. သူ​တို့​ယူ​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​က “ဤ​သည်​ကား မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ဖြစ်​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့်​ကမ္ပည်း​စာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။

17. ယေ​ရှု​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​ရာ သူ​တို့​သည် ကိုယ်​တော်​ကို​အံ့​သြ​ကြ​၏။

18. ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​တို့​သည် အ​ထံ​တော်​သို့​လာ​၍

19. “ဆ​ရာ၊ တစ်​စုံ​တစ်​ဦး​၏​အစ်​ကို​သည် သား​သ​မီး​မ​ထွန်း​ကား​ဘဲ​သေ​ဆုံး​၍ မ​ယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိ​မိ​အစ်​ကို​၏​မျိုး​ဆက်​ကို​ပေါက်​ပွား​စေ​ရန် ထို​မိန်း​မ​ကို​ယူ​ရ​မည်​ဟု မော​ရှေ​က အ​ကျွန်ုပ်​တို့​အ​တွက် စီ​ရင်​ရေး​ထား​ခဲ့​ပါ​သည်။

20. ညီ​အစ်​ကို​ခု​နစ်​ဦး​ရှိ​ခဲ့​ရာ အစ်​ကို​အ​ကြီး​ဆုံး​သည် မိန်း​မ​ယူ​ပြီး မျိုး​ဆက်​မ​ထား​ခဲ့​ဘဲ သေ​ဆုံး​သွား​ပါ​သည်။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12