ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:12-17 Myanmar Standard Bible (MSB)

12. နောက်​တစ်​နေ့​၌ ဗေ​သ​နိ​ရွာ​မှ သူ​တို့​ထွက်​ခွာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

13. ထို​စဉ် အ​ရွက်​များ​ဝေ​ဆာ​နေ​သော သ​ဖန်း​ပင်​တစ်​ပင်​ကို အ​ဝေး​မှ​မြင်​၍ ထို​အ​ပင်​၌ တစ်​စုံ​တစ်​ခု​တွေ့​လို​တွေ့​ငြား အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ သို့​သော် ရောက်​တော်​မူ​သော​အ​ခါ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​သော​ကြောင့် ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။

14. ထို​အ​ခါ ထို​အ​ပင်​အား “သင့်​ထံ​မှ​အ​သီး​ကို ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် မည်​သူ​မျှ မ​စား​ရ​ပါ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။

15. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ဗိ​မာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်​ထုတ်​ကာ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ​များ​နှင့် ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​တော်​မူ​၏။

16. ထို့​ပြင် ဗိ​မာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်​ဆောင်​ရန် မည်​သူ့​ကို​မျှ ခွင့်​ပြု​တော်​မ​မူ။

17. ကိုယ်​တော်​သည် သူ​တို့​အား​သွန်​သင်​လျက် “‘ငါ့​အိမ်​သည် လူ​မျိုး​တ​ကာ​တို့​၏​ဆု​တောင်း​ရာ​အိမ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့​သော် သင်​တို့​သည် ၎င်း​ကို ဓား​ပြ​တို့​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တ​ကား”​ဟု မိန့်​တော်​မူ​၏။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 11