ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:33-44 Myanmar Standard Bible (MSB)

33. “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​ထံ အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည် သူ့​ကို​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ကြ​လိမ့်​မည်။

34. လူ​မျိုး​ခြား​တို့​သည် သူ့​ကို​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ပြီး ဒဏ်​ခတ်​ရိုက်​နှက်​ကာ​အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည်​ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ထို​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​တောင်း​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​တွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။

36. ကိုယ်​တော်​က​လည်း “သင်​တို့​အ​တွက် မည်​သည့်​အ​ရာ​ကို ပြု​စေ​လို​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

37. သူ​တို့​က “အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​၌ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

38. သို့​သော် ယေ​ရှု​က “သင်​တို့​သည် မည်​သည့်​အ​ရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန် သို့​မ​ဟုတ် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​နိုင်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

39. သူ​တို့​က “အ​ကျွန်ုပ်​တို့​တတ်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်​မည်။ ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်​မည်။

40. သို့​သော် ငါ​၏​လက်​ယာ​ဘက်​နှင့် လက်​ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေ​ရာ​သည် ပြင်​ဆင်​ပေး​ထား​သော​သူ​တို့​အ​တွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

41. ကျန်​တ​ပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အ​ကြောင်း​ကို​ကြား​သိ​လျှင် ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို စိတ်​ဆိုး​ကြ​၏။

42. ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူ​မျိုး​ခြား​တို့​တွင် သူ​တို့​ကို​အုပ်​ချုပ်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည် ပြည်​သူ​တို့​အ​ပေါ် စိုး​မိုး​ခြယ်​လှယ်​ကြ​၍ သူ​တို့​၏​အ​ကြီး​အ​ကဲ​တို့​သည် သူ​တို့​အ​ပေါ် အာ​ဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

43. သင်​တို့​အ​ထဲ​၌​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။

44. သင်​တို့​တွင် ခေါင်း​ဆောင်​ဖြစ်​လို​သော​သူ​သည် အား​လုံး​၏​အ​စေ​အ​ပါး​ဖြစ်​ရ​မည်။

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10