3. ကိုယ်တော်ကလည်း “မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင်
4. သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။
5. ယေရှုကလည်း “သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် သူသည် ဤပညတ်ချက်ကို သင်တို့အတွက်ရေးခဲ့ခြင်းဖြစ်၏။
6. သို့သော် ဖန်ဆင်းခြင်း၏အစအဦးကပင် ဘုရားသခင်သည် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။
7. ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့်
8. ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။