8. ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။
9. ထိုနေ့ရက်ကာလ၌ ယေရှုသည် ဂါလိလဲနယ်၊ နာဇရက်မြို့မှကြွလာ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ ဗတ္တိဇံခံတော်မူ၏။
10. ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
11. ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
12. ထို့နောက် ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ ချက်ချင်းထုတ်ဆောင်တော်မူ၏။