15. သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
16. သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။
17. အကြောင်းမူကား ဘုရားသခင်အလိုတော်ရှိလျှင် မကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းထက် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းသည် သာ၍ကောင်း၏။
18. အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
19. ထိုအခြေအနေ၌ပင် အကျဉ်းချခံရသောဝိညာဉ်များထံသို့ သွား၍ တရားဟောတော်မူ၏။