ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:11-14 Myanmar Standard Bible (MSB)

11. ထို့​ပြင် ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​တော်​၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ရ​သော​အ​ခွင့်​ကို သင်​တို့​သည် ကြွယ်​ဝ​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

12. ထို့​ကြောင့် သင်​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သိ​ရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာ​တ​ရား​၌ ခိုင်​ခံ့​မြဲ​မြံ​ကြ​ပြီ​ဖြစ်​သော်​လည်း ၎င်း​တို့​နှင့်​ပတ်​သက်​၍ သင်​တို့​ကို အ​စဉ်​သ​တိ​ပေး​နှို​ဆော်​ရန် ငါ​ကြံ​ရွယ်​ထား​၏။

13. ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​သို့​သ​တိ​ပေး​နှိုး​ဆော်​ခြင်း​အား​ဖြင့် သင်​တို့​ကို​နိုး​ကြား​တက်​ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်​ယူ​ထား​၏။

14. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​သည်​လည်း ငါ့​အား​ဖော်​ပြ​တော်​မူ​သည့်​အ​တိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မ​ကြာ​မီ​ချွတ်​ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1