ရော​မ​ဩ​ဝါ​ဒ​စာ 6:9-13 Myanmar Standard Bible (MSB)

9. သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော်​သည် နောက်​တစ်​ဖန်​သေ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်​တော်​ကို အ​စိုး​တ​ရ​ပြု​တော့​မည်​မ​ဟုတ်။

10. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​သည်​မှာ အ​ပြစ်​အ​ရာ​၌ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​အ​သေ​ခံ​တော်​မူ​သည်​ဖြစ်​၍ ယ​ခု​အ​သက်​ရှင်​တော်​မူ​သည်​မှာ ဘု​ရား​သ​ခင်​၌ အ​သက်​ရှင်​တော်​မူ​၏။

11. ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြစ်​အ​ရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် အ​သက်​ရှင်​နေ​သည်​ဟု ကိုယ့်​ကိုယ်​ကိုယ်​မှတ်​ယူ​ကြ​လော့။

12. ထို့​ကြောင့် ကိုယ်​ခန္ဓာ​၏​တပ်​မက်​ခြင်း​အ​လို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို အ​ပြစ်​အား မ​စိုး​မိုး​စေ​ကြ​နှင့်။

13. သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မ​တ​ရား​မှု​၏​လက်​နက်​များ​အ​ဖြစ် အ​ပြစ်​အား မ​ဆက်​သ​ကြ​နှင့်။ ထို​သို့​ပြု​မည့်​အ​စား သေ​သော​သူ​တို့​ထဲ​မှ အ​သက်​ရှင်​လာ​သူ​ကဲ့​သို့ မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​အား ဆက်​သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​လက်​နက်​များ​အ​ဖြစ် ဘု​ရား​သ​ခင်​အား ဆက်​သ​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 6