ရော​မ​ဩ​ဝါ​ဒ​စာ 6:1-4 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ကျေး​ဇူး​တော်​များ​ပြား​စေ​ရန် ငါ​တို့​သည် အ​ပြစ်​ထဲ​၌​ဆက်​၍​တည်​ရ​မည်​လော။

2. လုံး​ဝ​မ​တည်​ရ။ အ​ပြစ်​အ​ရာ​၌ သေ​ဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်​သို့​အ​သက်​ရှင်​နိုင်​ဦး​မည်​နည်း။

3. သို့​မ​ဟုတ် ခ​ရစ်​တော်​ယေ​ရှု​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်​တော်​၏​အ​သေ​ခံ​တော်​မူ​ခြင်း​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

4. ထို​သို့ ငါ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း​၌ ဗတ္တိ​ဇံ​ခံ​သော​အား​ဖြင့် ကိုယ်​တော်​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤ​သည်​ကား ခ​ရစ်​တော်​သည် ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ဖြင့် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ ငါ​တို့​သည်​လည်း အ​သက်​တာ​သစ်​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 6