3. ထိုမျှမက ဆင်းရဲဒုက္ခများ၌လည်း ဂုဏ်ယူဝမ်းမြောက်ကြ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံခြင်းကိုလည်းကောင်း၊
4. သည်းခံခြင်းသည် ပါရမီရင့်ကျက်ခြင်းကိုလည်းကောင်း၊ ပါရမီရင့်ကျက်ခြင်းသည် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေသည်ကို ငါတို့သိကြ၏။
5. ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။
6. ငါတို့အားနည်းလျက်ရှိနေကြစဉ် ခရစ်တော်သည် အချိန်တန်သည်နှင့် ဘုရားတရားမဲ့သောသူများအတွက် အသေခံတော်မူ၏။
7. အကြောင်းမှာ ဖြောင့်မတ်သောသူအတွက် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကား အသေခံဝံ့သူရှိကောင်းရှိလိမ့်မည်။