ရော​မ​ဩ​ဝါ​ဒ​စာ 4:15-17 Myanmar Standard Bible (MSB)

15. ပ​ညတ်​တ​ရား​သည် အ​မျက်​တော်​ကို​ဖြစ်​ပေါ်​စေ​၏။ သို့​သော် ပ​ညတ်​တ​ရား​မ​ရှိ​သော​နေ​ရာ​၌ ဖောက်​ဖျက်​ကျူး​လွန်​မှု​လည်း​မ​ရှိ။

16. ထို့​ကြောင့် က​တိ​တော်​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​၏။ ဤ​သည်​ကား ထို​က​တိ​တော်​ကို ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​စေ​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​မျိုး​အ​နွယ်​အ​တွက်​သာ​မ​က​ဘဲ အာ​ဗြ​ဟံ​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့်​အ​မျိုး​အ​နွယ်​အ​ပါ​အ​ဝင် အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​အ​တွက် တည်​မြဲ​စေ​ရန်​ဖြစ်​၏။

17. “ငါ​သည် သင့်​ကို များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း အာ​ဗြ​ဟံ​သည် မိ​မိ​ယုံ​ကြည်​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သေ​လွန်​သော​သူ​တို့​ကို​အ​သက်​ရှင်​စေ​၍ ဖြစ်​တည်​ခြင်း​မ​ရှိ​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ်​လာ​စေ​ရန် အ​မိန့်​ပေး​နိုင်​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​အား​လုံး​၏​ဖ​ခင်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 4