19. ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊
20. မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင်
21. သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။
22. အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။