14. ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး
15. မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။
16. ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
17. အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊
18. အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သောကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက်
19. ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊