ရော​မ​ဩ​ဝါ​ဒ​စာ 14:5-9 Myanmar Standard Bible (MSB)

5. အ​ချို့​သော​သူ​သည် နေ့​ရက်​တစ်​ရက်​ကို အ​ခြား​နေ့​ရက်​ထက် ပို​၍​မြတ်​သည်​ဟု​ယူ​ဆ​၏။ အ​ချို့​မူ​ကား နေ့​ရက်​အား​လုံး​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ​၏။ လူ​တိုင်း မိ​မိ​တို့​ယူ​ဆ​ထား​သော​အ​ရာ​အ​ပေါ် စိတ်​နှ​လုံး​ထဲ​၌ အ​ပြည့်​အ​ဝ​ယုံ​ကြည်​ပါ​စေ။

6. နေ့​ရက်​ကို​စောင့်​ထိန်း​သော​သူ​သည် သ​ခင်​ဘု​ရား​အ​တွက်​စောင့်​ထိန်း​၏။ စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​စား​၏။ အ​ကြောင်း​မူ​ကား သူ​သည် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။ မ​စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​မ​စား​ဘဲ​နေ​၍ ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

7. ငါ​တို့​တွင် ကိုယ့်​အ​တွက်​အ​သက်​ရှင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ့်​အ​တွက်​သေ​သော​သူ​လည်း တစ်​ယောက်​မျှ​မ​ရှိ။

8. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သက်​ရှင်​လျှင် သ​ခင်​ဘု​ရား​အ​တွက်​အ​သက်​ရှင်​၍ သေ​လျှင် သ​ခင်​ဘု​ရား​အ​တွက်​သေ​၏။ ထို့​ကြောင့် ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​ကြ​၏။

9. အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည် သေ​လွန်​သော​သူ​တို့​နှင့်​အ​သက်​ရှင်​သော​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​ရန်​အ​တွက် အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​သက်​ပြန်​ရှင်​တော်​မူ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 14