ရော​မ​ဩ​ဝါ​ဒ​စာ 13:1-3 Myanmar Standard Bible (MSB)

1. အ​ထက်​အာ​ဏာ​ပိုင်​များ​ကို လူ​တိုင်း​နာ​ခံ​စေ။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​မှ​မ​ဟုတ်​သော​အာ​ဏာ​ဟူ​၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာ​ဏာ​များ​သည် ဘု​ရား​သ​ခင်​ခန့်​အပ်​တော်​မူ​ရာ​ဖြစ်​၏။

2. ထို့​ကြောင့် အာ​ဏာ​ပိုင်​ကို​ဆန့်​ကျင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ပြဋ္ဌာန်း​တော်​မူ​ချက်​ကို ဆန့်​ကျင်​ရာ​ရောက်​၏။ ထို​သို့​ဆန့်​ကျင်​သော​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​ကြ​လိမ့်​မည်။

3. အ​ဘယ်​ကြောင့်​ဆို​သော် အုပ်​ချုပ်​သူ​များ​သည် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​အ​တွက် ကြောက်​စ​ရာ​မ​ဟုတ်​ဘဲ မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​အ​တွက်​သာ ကြောက်​စ​ရာ​ဖြစ်​၏။ သင်​သည် အာ​ဏာ​ပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အ​မှု​ကို​ပြု​လော့။ ထို​သို့​ပြု​လျှင် သူ​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ရော​မ​ဩ​ဝါ​ဒ​စာ 13