ရော​မ​ဩ​ဝါ​ဒ​စာ 12:1-2 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​အား​ဖြင့် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် သန့်​ရှင်း​၍​အ​သက်​ရှင်​သော​ယဇ်​အ​ဖြစ် ပူ​ဇော်​ကြ​လော့။ ဤ​သည်​ကား သင်​တို့​ပြု​အပ်​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဝတ်​ပြု​ခြင်း​ဖြစ်​၏။

2. သင်​တို့​သည် ဤ​လော​က​၏​ပုံ​သဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​နိုင်​ရန် စိတ်​နှ​လုံး​ကို အ​သစ်​ပြု​ပြင်​ခြင်း​ဖြင့် ပုံ​သဏ္ဌာန်​ပြောင်း​လဲ​ခြင်း​ရှိ​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 12