ရော​မ​ဩ​ဝါ​ဒ​စာ 1:5-8 Myanmar Standard Bible (MSB)

5. ထို​သ​ခင်​၏​နာ​မ​တော်​အ​တွက် လူ​မျိုး​အ​ပေါင်း​တို့​ထဲ​တွင် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​နာ​ခံ​မှု​ရှိ​စေ​ရန် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​ခြင်း​အ​ခွင့်​ကို​လည်း​ကောင်း ကိုယ်​တော်​အား​ဖြင့် ငါ​တို့​ရ​ရှိ​ကြ​၏။

6. သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့​ထဲ​တွင်​ပါ​ဝင်​၍ ယေ​ရှု​ခ​ရစ်​တော်​နှင့်​သက်​ဆိုင်​မည့်​အ​ကြောင်း ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။

7. ထို​သို့ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​၍ သန့်​ရှင်း​သူ​များ​အ​ဖြစ်​ခေါ်​ယူ​တော်​မူ​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ထံ​သို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

8. သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကျော်​ကြား​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​အား​လုံး​အ​တွက် ငါ​၏​ဘု​ရား​သ​ခင်​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပ​ထ​မ​ဦး​စွာ​ကျေး​ဇူး​တင်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 1