2. ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး
3. ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
4. မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
5. ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။