ဗျာ​ဒိတ်​ကျမ်း 6:10-14 Myanmar Standard Bible (MSB)

10. ထို​သူ​တို့​က “သန့်​ရှင်း​၍ ဖြောင့်​မှန်​တော်​မူ​သော​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​သွေး​အ​တွက် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​နေ​ထိုင်​သော​သူ​တို့​ကို တ​ရား​မ​စီ​ရင်၊ လက်​တုံ့​လည်း​မ​ပြန်​ဘဲ မည်​မျှ​ကြာ​အောင်​နေ​တော်​မူ​မည်​နည်း”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ကြ​၏။

11. ထို​အ​ခါ သူ​တို့​တစ်​ဦး​စီ​အား ဖြူ​သော​ဝတ်​လုံ​ကို​ပေး​တော်​မူ​ပြီး​လျှင် သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ခံ​ရ​ရန်​ရှိ​သည့် သူ​တို့​၏​အ​စေ​အ​ပါး​ချင်း​များ​နှင့် သူ​တို့​ညီ​အစ်​ကို​များ​၏​အ​ရေ​အ​တွက် ပြည့်​စုံ​သည့်​တိုင်​အောင် နောက်​ထပ် ခ​ဏ​အ​နား​ယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်​မူ​၏။

12. သိုး​သ​ငယ်​တော်​သည် ဆဋ္ဌ​မ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လိုက်​ရာ င​လျင်​ပြင်း​ထန်​စွာ​လှုပ်​သ​ဖြင့် နေ​သည် ဆိတ်​မွေး​နှင့်​လုပ်​သော​အ​ထည်​ကြမ်း​ကဲ့​သို့ မည်း​သွား​၍ လ​တစ်​ခု​လုံး​သည် သွေး​ကဲ့​သို့​ဖြစ်​သွား​လေ​၏။

13. ကောင်း​ကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်​ခါ​သော​အ​ခါ သ​ဖန်း​ပင်​မှ​အ​သီး​စိမ်း​များ​ကြွေ​ကျ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​သို့​ကျ​ကြ​၏။

14. ကောင်း​ကင်​သည်​လည်း စာ​လိပ်​ကို​လိပ်​လိုက်​သ​ကဲ့​သို့ ပျောက်​လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိ​သ​မျှ​တို့​သည် မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​၏။

ဗျာ​ဒိတ်​ကျမ်း 6