ဗျာ​ဒိတ်​ကျမ်း 21:10-13 Myanmar Standard Bible (MSB)

10. ထို​ကောင်း​ကင်​တ​မန်​သည် ကြီး​မား​၍​မြင့်​လှ​သော​တောင်​ပေါ်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ခေါ်​ဆောင်​သွား​ကာ ဘု​ရား​သ​ခင်​အ​ထံ​တော်၊ ကောင်း​ကင်​ထက်​မှ​ဆင်း​သက်​လာ​သည့် သန့်​ရှင်း​သော​ဂျေ​ရု​ဆ​လင်​မြို့​ကို ငါ့​အား​ပြ​လေ​၏။

11. ထို​မြို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​၍ ၎င်း​၏​အ​လင်း​ရောင်​သည် ကျောက်​မျက်​ရ​တ​နာ​နှင့်​တူ​ပြီး ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင်​သော န​ဂါး​သွဲ့​ကျောက်​ကဲ့​သို့​ဖြစ်​၏။

12. ထို​မြို့​တွင် ကြီး​မား​၍​မြင့်​လှ​သော​မြို့​ရိုး​ရှိ​လျက် တံ​ခါး​တစ်​ဆယ့်​နှစ်​ပေါက်​ရှိ​၏။ တံ​ခါး​များ​တွင် ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​ရှိ​၍ ထို​တံ​ခါး​များ​ပေါ်​၌ အစ္စ​ရေး​အ​မျိုး​သား​တို့​၏​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​အ​မည်​နာ​မ​များ​ကို ရေး​ထိုး​ထား​၏။

13. အ​ရှေ့​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ တောင်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင် တံ​ခါး​သုံး​ပေါက်​ရှိ​၏။

ဗျာ​ဒိတ်​ကျမ်း 21