1. ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
2. သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍
3. အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။