ဗျာ​ဒိတ်​ကျမ်း 19:13-18 Myanmar Standard Bible (MSB)

13. သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်​ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အ​မည်​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ဟု ခေါ်​၏။

14. ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် စင်​ကြယ်​သော​ပိတ်​ချော​ဖြူ​ကို​ဝတ်​ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။

15. သူ​၏​ခံ​တွင်း​ထဲ​မှ​လည်း လူ​မျိုး​တ​ကာ​တို့​ကို​ဒဏ်​ခတ်​ရန် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​ထိန်း​လိမ့်​မည်။ သူ​သည် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဆိုင်​ရာ ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​၏​စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို နင်း​နယ်​လိမ့်​မည်။

16. သူ​၏​ဝတ်​ရုံ​နှင့်​ပေါင်​တို့​၌ “ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာ​မ​ရှိ​၏။

17. ထို့​နောက် နေ​ထဲ​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်း​ကင်​အ​လယ်​၌ ပျံ​သန်း​သော​ငှက်​အ​ပေါင်း​တို့​အား “ဘု​ရား​သ​ခင်​၏​ည​စာ​စား​ပွဲ​ကြီး​သို့ လာ​၍​စု​ဝေး​ကြ​လော့။

18. ရှင်​ဘု​ရင်​တို့​၏​အ​သား၊ တပ်​မှူး​ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​တို့​၏​အ​သား၊ လွတ်​လပ်​သူ​နှင့်​ကျွန်​များ​မှ​စ​၍ လူ​ကြီး​လူ​ငယ်​ရှိ​သ​မျှ​တို့​၏​အ​သား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​လေ​၏။

ဗျာ​ဒိတ်​ကျမ်း 19