ဗျာ​ဒိတ်​ကျမ်း 18:4-6 Myanmar Standard Bible (MSB)

4. ထို့​နောက် ကောင်း​ကင်​မှ​အ​ခြား​သော​အ​သံ​က “ငါ့​လူ​မျိုး​တို့၊ သင်​တို့​သည် သူ​၏​အ​ပြစ်​များ​၌ မ​ပါ​ဝင်​စေ​ရန်​လည်း​ကောင်း၊ သူ​ခံ​ရ​မည့်​ဘေး​ဒဏ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ခံ​ရ​စေ​ရန်​လည်း​ကောင်း သူ့​ထံ​မှ ထွက်​လာ​ခဲ့​ကြ​လော့။

5. အ​ဘယ်​ကြောင့်​ဆို​သော် သူ​၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​အ​ထိ စု​ပုံ​လျက်​ရှိ​၍ သူ​၏​မ​တ​ရား​မှု​များ​ကို ဘု​ရား​သ​ခင်​မှတ်​မိ​တော်​မူ​ပြီ။

6. သူ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အ​မှု​များ​အ​ပေါ် နှစ်​ဆ​တိုး​၍​တုံ့​ပြန်​ကြ​လော့။ သူ​ရော​စပ်​ခဲ့​သော​ခွက်​၌ သူ့​အ​တွက်​နှစ်​ဆ​ရော​စပ်​ပေး​ကြ​လော့။

ဗျာ​ဒိတ်​ကျမ်း 18