ဗျာ​ဒိတ်​ကျမ်း 17:16-18 Myanmar Standard Bible (MSB)

16. သင်​မြင်​ရ​သော ဦး​ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​တို့​သည် ထို​ပြည့်​တန်​ဆာ​ကို​မုန်း​၍ သူ့​ကို​လုံး​လုံး​ပျက်​စီး​စေ​ကာ အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​လည်း​ကိုက်​စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်​မည်။

17. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​၏​နှုတ်​က​ပတ်​တော်​များ​ပြည့်​စုံ​ခြင်း​သို့​ရောက်​သည်​အ​ထိ သူ​တို့​သည် တစ်​စိတ်​တည်း​တစ်​သ​ဘော​တည်း​ဖြစ်​လျက် မိ​မိ​တို့​၏​နိုင်​ငံ​များ​ကို သား​ရဲ​ထံ​ပေး​အပ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​အ​တိုင်း ဆောင်​ရွက်​မည့်​သ​ဘော​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထည့်​သွင်း​တော်​မူ​၏။

18. သင်​မြင်​ရ​သော​မိန်း​မ​သည် ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော​မြို့​ကြီး​ဖြစ်​၏”​ဟု ငါ့​အား​ဆို​၏။

ဗျာ​ဒိတ်​ကျမ်း 17