ဗျာ​ဒိတ်​ကျမ်း 14:1-3 Myanmar Standard Bible (MSB)

1. ထို့​နောက် ငါ​ကြည့်​လိုက်​ရာ သိုး​သ​ငယ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​တွင်​ရပ်​နေ​၏။ သိုး​သ​ငယ်​တော်​၏​နာ​မ​နှင့် ခ​မည်း​တော်​၏​နာ​မ​တို့​ကို မိ​မိ​တို့​န​ဖူး​၌​ရေး​ထား​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည်​လည်း သူ​နှင့်​အ​တူ​ရှိ​ကြ​၏။

2. ထို့​နောက် များ​စွာ​သော​ရေ​ဟုန်​၏​အ​သံ​နှင့်​လည်း​ကောင်း၊ ကျယ်​လောင်​သော​မိုး​ကြိုး​သံ​နှင့်​လည်း​ကောင်း တူ​သည့် ကောင်း​ကင်​မှ​အ​သံ​ကို ငါ​ကြား​ရ​၏။ ငါ​ကြား​ရ​သော​ထို​အ​သံ​သည် စောင်း​သ​မား​များ မိ​မိ​တို့​စောင်း​များ​တီး​ခတ်​နေ​သည့်​အ​သံ​နှင့်​လည်း​တူ​၏။

3. သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သတ္တ​ဝါ​လေး​ပါး​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​၏​ရှေ့​၌​လည်း​ကောင်း သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။ မြေ​ကြီး​ပေါ်​မှ ရွေး​နုတ်​ဝယ်​ယူ​ခြင်း​ခံ​ရ​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​မှ​တစ်​ပါး မည်​သူ​က​မျှ ထို​သီ​ချင်း​ကို​မ​သင်​ယူ​နိုင်​ပေ။

ဗျာ​ဒိတ်​ကျမ်း 14