5. ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်အုပ်ထိန်းရမည့် သားယောက်ျားကိုဖွားမြင်၏။ ထိုသားသည် ဘုရားသခင်အထံတော်သို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကိုခံရ၏။
6. ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။
7. ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေ၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့်တိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏စေတမန်တို့သည် ပြန်လည်တိုက်ခိုက်ကြသော်လည်း
8. အနိုင်မရကြ။ ကောင်းကင်၌လည်း သူတို့အတွက်နေရာမရှိတော့ပေ။
9. ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။