ဗျာ​ဒိတ်​ကျမ်း 12:12-18 Myanmar Standard Bible (MSB)

12. သို့​ဖြစ်​၍ ကောင်း​ကင်​နှင့် ကောင်း​ကင်​၌​စံ​မြန်း​သော​သူ​တို့၊ ပျော်​ရွှင်​ကြ​လော့။ မြေ​ကြီး​နှင့်​ပင်​လယ်​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် သူ​၏​အ​ချိန်​အ​နည်း​ငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်း​စွာ​သော​ဒေါ​သ​ဖြင့် သင်​တို့​ထံ​သို့​ဆင်း​လာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

13. န​ဂါး​သည် မြေ​ကြီး​ပေါ်​သို့ ပစ်​ချ​ခြင်း​ခံ​ရ​သည်​ကို သိ​မြင်​သော​အ​ခါ သား​ယောက်ျား​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​အား လိုက်​လံ​ညှဉ်း​ဆဲ​လေ​၏။

14. သို့​သော် ထို​အ​မျိုး​သ​မီး​သည် တော​ကန္တာ​ရ​ထဲ​ရှိ မိ​မိ​၏​နေ​ရာ​အ​ရပ်​သို့ ပျံ​သန်း​သွား​နိုင်​ရန် ကြီး​မား​သော​လင်း​ယုန်​၏​အ​တောင်​နှစ်​ခု​ကို​ရ​ရှိ​၏။ သူ​သည် ထို​အ​ရပ်​တွင် မြွေ​၏​ရှေ့​မှောက်​မှ​လွတ်​၍ တစ်​ကာ​လ၊ နှစ်​ကာ​လ​နှင့် ကာ​လ​တစ်​ဝက်​အ​တွင်း ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ​၏။

15. မြွေ​သည် ထို​အ​မျိုး​သ​မီး​အား ရေ​၌​မျော​ပါ​သွား​စေ​ရန် သူ​၏​နောက်​တွင် ရေ​ကို မြစ်​သ​ဖွယ် မိ​မိ​ခံ​တွင်း​ထဲ​မှ မှုတ်​ထုတ်​လိုက်​၏။

16. သို့​သော် မြေ​ကြီး​သည် ထို​အ​မျိုး​သ​မီး​ကို​ကူ​ညီ​လေ​၏။ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်​၍ န​ဂါး​၏​ခံ​တွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​လိုက်​၏။

17. ထို​အ​ခါ န​ဂါး​သည် ထို​အ​မျိုး​သ​မီး​အ​ပေါ်​အ​မျက်​ထွက်​၍ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သော​သူ​များ​နှင့် ယေ​ရှု​နှင့်​ဆိုင်​သည့်​သက်​သေ​ခံ​ချက်​ကို​ရ​ရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အ​မျိုး​သ​မီး​၏​အ​မျိုး​အ​နွယ်​ထဲ​မှ ကျန်​ရှိ​သော​သူ​တို့​နှင့်​စစ်​တိုက်​ရန် ထွက်​သွား​ပြီး

18. ပင်​လယ်​၏​သဲ​သောင်​ပြင်​ပေါ်​တွင် ရပ်​လေ​၏။

ဗျာ​ဒိတ်​ကျမ်း 12