ဗျာ​ဒိတ်​ကျမ်း 11:6-10 Myanmar Standard Bible (MSB)

6. သူ​တို့​ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့်​နေ့​ရက်​များ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် ကောင်း​ကင်​ကို ပိတ်​ထား​နိုင်​သည့်​အ​ခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​နိုင်​သော​အ​ခွင့်​မှ​စ​၍ သူ​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း ကမ္ဘာ​မြေ​ကြီး​ကို ဘေး​ဒဏ်​အ​မျိုး​မျိုး​ဖြင့် ဒဏ်​ခတ်​နိုင်​သော​အ​ခွင့်​များ​ရှိ​ကြ​၏။

7. သူ​တို့​သက်​သေ​ခံ​ပြီး​သော​အ​ခါ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ တက်​လာ​သော​သား​ရဲ​သည် သူ​တို့​နှင့်​စစ်​တိုက်​၍ အောင်​မြင်​ပြီး သူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။

8. သူ​တို့​၏​အ​လောင်း​များ​သည် ဝိ​ညာဉ်​သ​ဘော​အ​ရ သော​ဒုံ​နှင့်​အီ​ဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်း​မ​ပေါ်​တွင် ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​သ​ခင်​သည်​လည်း ထို​မြို့​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။

9. ထို​အ​ခါ လူ​မျိုး၊ မျိုး​နွယ်​စု၊ ဘာ​သာ​စ​ကား​နှင့် တိုင်း​နိုင်​ငံ​အ​သီး​သီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်​တိုင်​ကြည့်​ရှု​ကြ​ပြီး ထို​အ​လောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်​မည်။

10. ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အ​ဖြစ်​ကြောင့် ဝမ်း​မြောက်​လျက်​ပျော်​ရွှင်​ကြ​ကာ တစ်​ဦး​ကို​တစ်​ဦး လက်​ဆောင်​များ​ပေး​ပို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​ပ​ရော​ဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​ကို ညှဉ်း​ဆဲ​ခဲ့​ကြ​၏။

ဗျာ​ဒိတ်​ကျမ်း 11