ဗျာ​ဒိတ်​ကျမ်း 11:15-17 Myanmar Standard Bible (MSB)

15. သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​၌ ကျယ်​လောင်​သော​အ​သံ​ဖြစ်​ပေါ်​လျက် “ကမ္ဘာ့​နိုင်​ငံ​သည် ငါ​တို့​၏​ထာ​ဝ​ရ​အ​ရှင်​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်”​ဟု ဆို​၏။

16. ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မိ​မိ​တို့​ပလ္လင်​ပေါ်​တွင် ထိုင်​နေ​ကြ​သော​သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဘု​ရား​သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လျက်

17. “အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​၍ ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​တော်​ကို​ယူ​ဆောင်​လျက် စိုး​စံ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​ပါ​၏။

ဗျာ​ဒိတ်​ကျမ်း 11